Connect with us

Hi, what are you looking for?

ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင် ဘာပေးမလဲ

လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။

Scorpio/People’s Spring

လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။

အကျပ်အတည်းနဲ့ အမှောင်ထုကြားထဲမှာပဲ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုမမေ့လျော့ကြောင်း၊ တော်လှန်ရေးစိတ်ဓာတ်တွေ မဆုတ်မနစ် ရှိနေကြောင်းကို သက်သေပြဖို့အတွက် (၈၁) ပြည့်မွေးနေ့ကမ်ပိန်းတွေကို နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလက်ဆောင်တွေ ပေးကြမလဲ။

အားကစားကိုအခြေပြုပြီး လက်ဆောင်ပေးဖို့ စီစဥ်ထားသူတွေရှိပါတယ်။ဒရုန်းစစ်ဆင်ရေးတစ်ခုမှာလက်နက်ကြီးထိပြီးခြေထောက်တစ်ဖက်ဆုံးရှုံးထားတဲ့ ရဲဘော်သရဲကြီးက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကမ်ပိန်းမှာ ခြေလှမ်းပေါင်း (၈၁၀၀)လျှောက်ပြီး ပါဝင်မယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“မိတ်ဆွေတွေအနေနဲ့လည်း ကိုယ်တတ်နိုင်တာပါဝင်ပေးကြပါခင်ဗျာ။ရဲဘော်တွေအနေနဲ့လည်း ဒိုက် (၈၁)ကြိမ်ထိုးတာပြီးတော့အစ်မတစ်ယောက်ပြောသလိုပစ္စည်း (၈၁)မျိုးရောင်းပြီး တလရကိုကူတာမျိုးလည်း လုပ်လို့ရပါတယ်ခင်ဗျာ။”လို့ သူကတောင်းဆိုထားပါတယ်။

နောက်တစ်ဦးကတော့ တစ်ရက်ကိုမိနစ် ၁၀၀ စတင်ပြေးနေပြီးမွေးနေ့ဇွန်လ ၁၉ ရက်အထိ ပြေးသွားမယ်လို့ ဆိုပါတယ်။

နောက်ထပ်တစ်ဦးကလည်း ဇွန် ၁ရက် ကနေမွေးနေ့ ဇွန် ၁၉ မနက်ပိုင်းအထိ ခြေလှမ်းပေါင်း ၈၁,၀၀၀ လျှောက်မယ်လို့အဓိဌာန်ထားတယ်လို့ သိရပါတယ်။

နောက်တစ်ခုကတော့ ဘာသာရေးပေါ် အခြေခံရင်း ပေးမယ့်လက်ဆောင်ပါ။ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီကမ်ပိန်းမှာ ဘာသာရေးအလုပ်တွေလုပ်ရင်း ပါဝင်ကြဖို့ ရှိပါတယ်။ အကျဥ်းစံ ဒေါ်အောင်ဆန်းစုကြည် အေးချမ်းစေဖို့ မေတ္တာသုတ် ၈၁ ​ကြိမ်ရွတ်ကြမယ့်သူတွေရှိတယ်။

ပန်း ၈၁ ပွင့် လှူဖို့ပြင်တဲ့သူရှိတယ်။ အချုပ်အနှောင်က လွတ်စေဖို့ မောရသုတ်၊ ကျန်းမာရေးကောင်းစေဖို့ ဗောဇ္ဈင်္ဂသုတ် စတဲ့ ပရိတ်တွေကို တနေ့ ၉ ‌ခေါက်နဲ့ ၉ ရက်ရွတ်ကြမယ့်သူတွေရှိတယ်။ သမ္ဗုဒ္ဓေ ၈၁ခေါက်ရွတ်ရင်းပါဝင်မယ့်သူတွေလည်း ရှိနေပါတယ်။

နောက်တမျိုးကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရင်း လက်ဆောင်ပေးမယ့်သူတွေပါ။

တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကြိုက်တဲ့ နှင်းဆီပင်တွေစိုက်ဖို့ပြင်တယ်။ ခ​ရေပင် ၈၁ ပင်စိုက်မလို့ ပန်းခြံကိုမှာထားသူတွေ ရှိနေပါတယ်။ ဒါ့အပြင် တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်အောင် နွေဦးထီ ၈၁ စောင်စပ်ပြီး ထီထိုးကြသူတွေရှိတယ်။ မုန့် ၈၁ ပွဲလုပ်ရောင်းပြီး တော်လှန်ရေးကို ကူမယ့်သူတွေရှိနေပါတယ်။

နောက်ထပ်လုပ်လို့ရမယ့်နည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ တော်လှန်ရေး ရန်ပုံငွေရှာဖွေပေးနေတဲ့ Click to Donate အက်ပလီကေးရှင်းတွေ သို့မဟုတ် YouTube ဗီဒီယိုတွေကို အဲဒီနေ့မှာ (၈၁) မိနစ် သို့မဟုတ် ဗီဒီယို (၈၁) ခု ပြည့်အောင် ကြည့်ရှုပြီး ဝင်ငွေရှာဖွေပေးတာမျိုး၊ စစ်ဘေးရှောင်တွေကို လှူတာမျိုး၊ ရှေ့တန်းက ရဲဘော်တွေအတွက် မိမိတတ်နိုင်တဲ့ ပမာဏကနေစပြီး (၈၁၀၊ ၈၁၀၀၊ ၈၁၀၀၀ စသဖြင့်) လှူဒါန်းတာ အများကြီး ရှိနေပါသေးတယ်။

စာဖတ်သူကော ဘယ်လိုပါဝင်မယ်ဆိုပြီး စိတ်ကူးထားပါသလဲ။ အောက်မှာ မှတ်ချက်ဝင်ရောက်ရေးသွားပေးပါဦး။ ။

ဆက်စပ်သတင်းများ

သတင်း

ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ စစ်အုပ်စုရဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချဆန့်ကျင်တဲ့ ဆန္ဒပြပွဲ အောက်တိုဘာ ၁၁ ရက် က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျာမနီနိုင်ငံ Bielefeld မြို့မှာပြည်ပရောက်မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် Free Her Campaign ကို အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူး​ပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ သံအမတ်ကြီး ဦး​​ကျော်မိုးထွန်းထောက်ခံရေး လူထုလှုပ်ရှားမှုတွေ အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်တဲ့ FREE HER Campaign ကို ထောက်ခံအားပေးတဲ့ အနေနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက် မြန်မာမိသားစုတွေက အမှတ်တရသစ်ပင်တွေ ဒီကနေ့ (အောက်တိုဘာ ၁၁) စိုက်ပျိုးခဲ့ပါတယ်။